နယူးဒေလီ ဩဂုတ် ၅
အိန္ဒိယအလံတင် ကုန်တင်သင်္ဘော MSV Faize Noore Oliya သည် ယီမင်ကမ်းလွန်၌ တိုက်ခိုက်ခံရပြီးနောက် ပင်လယ်နီအတွင်း နစ်မြုပ်ခဲ့ကြောင်း ဩဂုတ် ၅ ရက်တွင် အိန္ဒိယဆိပ်ကမ်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ရေလမ်းကြောင်းဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝဲလ်က ပြောကြားသည်။
သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့သော်လည်း သင်္ဘောပေါ်ရှိ အမှုထမ်း ၁၄ ဦးစလုံးကို ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ယင်းသင်္ဘောသည် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံများတင်ဆောင်လာသည့် သင်္ဘောဖြစ်ကြောင်း သိရသည်။
သင်္ဘောတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချထားပြီး အဆိုပါဒေသတွင် ကုန်တင်သင်္ဘောများ အဆက်မပြတ်တိုက်ခိုက်ခံနေရခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ ကောင်းကြောင်း ပြောကြားထားသည်။
ယခုနှစ်အစပိုင်းမှစတင်၍ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအတွင်း လက်ရှိအချိန်အထိ သင်္ဘောသား ၁၀ ဦးအပါအဝင် အိန္ဒိယနိုင်ငံသား ၁၆ ဦး အသက်ဆုံးရှုံးခဲ့မှုနှင့်ပတ်သက်၍ အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် လွှတ်တော်သို့ အသိပေးတင်ပြခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


