ရန်ကုန် ဩဂုတ် ၅
နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ်သည်။
ထိုသို့ တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူထံတွင် ဩဝါဒခံယူကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ သွားရောက်မည့်ခရီးစဉ်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ရန်ကုန်မြို့၌ ကျင်းပနိုင်ရေးတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


