ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာ

နေပြည်တော် ဩဂုတ် ၅

 

အနာဂတ်မျိုးဆက်သစ်လူငယ်များ ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ကြည့်ရှု၍ တွဲဖက်လေ့လာနိုင်ရန်၊ နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် တပ်မတော်သမိုင်းဆိုင်ရာ အမွေအနှစ်များကို လေ့လာနိုင်ရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်များနှင့် တပ်မတော်၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခဲ့မှု သမိုင်းကြောင်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့သို့ ဆောင်ရွက်ပေးမှုဖြင့် ဩဂုတ် ၄ ရက်တွင် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း (ကျည်တောင်) မှ ကျောင်းသား ကျောင်းသူများသည်လည်းကောင်း၊ ယနေ့တွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (စည်ပင်သာယာ) မှ ကျောင်းသား ကျောင်းသူများသည်လည်းကောင်း အုပ်ချုပ်သူ ဆရာ ဆရာမများ လိုက်ပါ၍ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြသည်။

 

ရှေးဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးပြခန်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ပြခန်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးပြခန်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးပြခန်း၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးပြခန်း၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်း၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးပြခန်း၊ တပ်မတော် (ရေ) ပြခန်းနှင့် တပ်မတော် (လေ) ပြခန်းများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော် (ကြည်း) ပြကွက်၊ တပ်မတော် (ရေ) ပြကွက်၊ တပ်မတော် (လေ) ပြကွက်များရှိ ခင်းကျင်းပြသထားမှုများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်