ဘားအံ ဩဂုတ် ၃
ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၌ ရက်ကန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန် ရောင်းချမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်နည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက စက်ရက်ကန်းစင် ပြင်ဆင်မှုအခြေအနေများ၊ ရက်ကန်းထည်ထုတ်လုပ်မှုအခြေအနေများ၊ ဒေသထွက်ပစ္စည်းအရောင်းဆိုင်၏ ရောင်းချမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအထောက်အကူပြုနေသည့် ရက်ကန်းလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန်၊ အရည်အသွေးမီ အထည်အလိပ်များ ထုတ်လုပ်နိုင်ရန်၊ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ကုန်ကြမ်းရွေးချယ်မှု စနစ်တကျဆောင်ရွက်ရန်၊ ခေတ်မီဒီဇိုင်းဆန်းသစ်ပြီး ဈေးကွက်၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် ရိုးရာအထည်များနှင့် ခေတ်မီ ဒီဇိုင်းအသစ်များ တိုးတက်ထုတ်လုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


