ချယ်လ်ဆီးအသင်းက ကွင်းလယ်ကစားသမား ဘာကိုအား ခုနစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူ

ရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ စထရာစဘော့ဂ်အသင်း ကွင်းလယ်ကစားသမား ဘာကိုအား  ခုနစ်နှစ်သက်တမ်းရှိ  စာချုပ်တစ်ရပ်ဖြင့်  စာချုပ်ချုပ်ဆို  ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဘာကိုဟာ ချယ်လ်ဆီးအသင်းက  ယခု အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူခဲ့တဲ့ ခြောက်ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီး   ချယ်လ်ဆီးအသင်းဟာ မော်ဂန်ရော်ဂျာ၊ ဒန်နီဝဲလ်ဘက်၊ အီမီဂါ၊ လာခရိုက်၊ ပလက်ထရာတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား   ဘာကိုဟာ   ချယ်လ်ဆီးအသင်းရဲ့ ရာသီအကြိုခြေစမ်း ပွဲစဉ်တွေထဲက လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ ဩဂုတ် ၅ ရက်မှာ ရာသီအကြိုခြေစမ်းပွဲစဉ်အဖြစ် အီတလီစီးရီးအေကလပ်  ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။   

ဘိုကာဂျူနီယာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘာကိုဟာ ၂၀၂၄ ခုနှစ်အတွင်းက ဘရိုက်တန်အသင်းဆီ  ပြောင်းရွှေ့ကစားခဲ့ပြီး စထရာစဘော့ဂ်အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။  ကွင်းလယ်ကစားသမား ဘာကိုဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။                        

ငွေကြယ်