မြဝတီ သြဂုတ် ၃
ကရင်ပြည်နယ် မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ ယမန်နေ့ ညနေပိုင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်မိုးရာသီ ဘောလုံးပြိုင်ပွဲ ကျင်းပသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အမှာစကားပြောကြားပြီး ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ် ဆရာကြီး ဦးအောင်ဇော်အေးက ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်မိုးရာသီ ဘောလုံးပြိုင်ပွဲနှင့် ဗိုလ်လုပွဲ(အမျိုးသား)ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမား(ပထမ) ဆုရရှိသည့် ကျန်စစ်သား(က)အသင်း၊ (ဒုတိယ)ဆုရရှိသည့် အနော်ရထာ(က)အသင်းနှင့် တတိယဆုရရှိသည့် ကျန်စစ်သား(ခ)အသင်း တို့ကိုလည်းကောင်း၊ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမား(ပထမ)ဆုရရှိသည့် ကျန်စစ်သားအသင်း၊ (ဒုတိယ)ဆုရရှိသည့် ဘုရင့်နောင်အသင်းတို့ကိုလည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


