ဝေါ ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ် ၂ ရက် ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်းနှင့် မြို့နယ်ဘောလုံးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဒုတိယဆုရရှိသည့် ဆပ်သွားခြုံဘောလုံးအသင်း၊ တတိယဆုရရှိသည့် နောင်ပတ္တရာဘောလုံးအသင်း၊ စတုတ္ထဆုရရှိသည့် ဆင်ရွာဘောလုံးအသင်းတို့နှင့် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားနှင့် အကောင်းဆုံးကစားသမားတို့အား ငွေသားဆုနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးသည်။
ထို့နောက် ပထမဆုရရှိခဲ့သည့် သစ်စက်ဘောလုံးအသင်းအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ငွေသားဆုကျပ်သိန်း ၅၀၊ ဆုတံဆိပ်များနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


