ဆီဆိုင် ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းတွင် ဘန်နောင်ကားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး အသိပညာပေးခြင်းနှင့် ဘိန်းစိုက်ပျိုးပါက အရေးယူနိုင်သည့် အခြေအနေများ၊ ဘန်းယဉ် နယ်မြေစခန်းမှူး ဒုတိယရဲမှူး ခွန်ကျော်ဝင်းက ဘိန်းစိုက်ပျိုးမှု၏ ဆိုးကျိုးများနှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆိုက်ခေါင်နယ်မြေစခန်းမှူး ရဲအုပ်နိုင်နိုင်ထွန်းက မှုခင်း လျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှု မပြုရန်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


