အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စာသင်ဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ

လွိုင်ကော် ဩဂုတ် ၃

 

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သဇင်စာသင်ဆောင်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာများကို အမြန်ဆုံးပြန်လည် ပြုပြင်ဆောင် ရွက်လျက်ရှိပြီး ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာအသစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း သဇင်စာသင်ဆောင် ပြုပြင်ဆောင်ရွက်နေမှု၊ ပြန်လည် ပြုပြင်ရန်လိုအပ်သည့် စာသင်ဆောင် ငါးဆောင်နှင့် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိ သံကူကွန်ကရစ် နှစ်ထပ် ကျောင်းဆောင်သစ် တည်ဆောက်မည့် နေရာကိုလည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန လေးခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာ အကြီးစား ပြုပြင်နေမှုနှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ အသစ်တည်ဆောက်နေမှု ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)