တောင်ငူ ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပျောရိုးချောင်းကျေးရွာ၌ စွန့်ပစ်ပစ္စည်းမှ သံရည်ကျို လုပ်ငန်း၊ သံထည်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် တိုင်းဒေသကြီးဝန်ကြီးများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုအားပေးသည်။
ထို့နောက် တောင်ငူမြို့နယ် လဲဘူးကျေးရွာရှိ စပါးစိုက်ဧကများ၌ ဓာတုပိုးသတ်ဆေးသုံးစွဲမှု လျှော့ချရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ထရိုင်ဂို ရားမား ဥကပ်ပါး နဂျယ်အသုံးပြု စိုက်ပျိုးနိုင်ရေး အသိပညာပေးပွဲ သို့တက်ရောက်၍ ထရိုင်ဂိုရားမား ဥကပ်ပါး နဂျယ်ပိုးလောင်းများ ဖြန့်ဝေပေးသည်။
ထို့ပြင် တောင်ငူမြို့ ကန်တော် ရပ်ကွက်ရှိ တန်(၆၀)ကျ ကောင်းပြည့် အဆင့်မြင့်ဆန်စက်၌ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ထုတ် စက် Gasifier ဖြင့် လည်ပတ်နေမှုနှင့် နန်းသူဇာ ပဲမှုန့်နှင့် ပဲကြော် လုပ်ငန်း၊ သရဖူမုန့်တိုက်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ရေးတို့သို့ ကြည့်ရှုအားပေးပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် အမည် သစ်မုန့်များ အဆင့်အတန်းမီမီ ထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


