သပိတ်ကျင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေး ဩဂုတ် ၃

 

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် ထောက်ပံ့ငွေများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့ သွားရောက်ထောက်ပံ့ပေးအပ်သည်။

 

ထောက်ပံ့

အဆိုပါဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ သပိတ်ကျင်းမြို့ ရွှေဝါဝင်းခန်းမ၌ သွားရောက်တွေ့ဆုံ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့တွေ့ဆုံစဉ် သပိတ်ကျင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး မြို့နယ်၏လိုအပ်ချက်များနှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်