ညောင်ဦးမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

ညောင်ဦး ဩဂုတ် ၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ဩဂုတ် ၃ ရက်က ကျင်းပသည်။

 

အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းက ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။ အဆိုပါသင်တန်းကို ဩဂုတ် ၃ ရက်မှ ၁၄ ရက်အထိ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း