မိုးကုတ်မြို့၌ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

မိုးကုတ်   ဩဂုတ်   ၃

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား)ရပ်ကွက်/ကျေးရွာအုပ်စု မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က အောင်နန်းရပ်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။ 

ဦးစွာ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပါပါလွင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရဲမှူးတင့်လွင်ဌေးက ကွင်းအတွင်း/အပြင်  စည်းကမ်းချက်များကို ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုက မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏  ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌက ရေဦးကြီးအသင်းနှင့် အောင်နီလာ(၂)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုဖြင့် ပြိုင်ပွဲအား  ဖွင့်လှစ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)