ရွှေဘို ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပသည့် ရွှေဘိုမြို့နယ် မိုးရာသီအားကစားပြိုင်ပွဲများကို ဇူလိုင် ၂၇ ရက်မှစ၍ ရန်ကြီးအောင်အားကစားရုံ၌ ကျင်းပလျက်ရှိသည်။
အားကစားပြိုင်ပွဲများသည် လူငယ်များ၏ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်မှု တိုးတက်မြင့်မားလာစေရေးနှင့် အားကစားစိတ်ဓာတ်၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် စည်းကမ်းလိုက်နာမှုတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘောနှင့် ဖူဆယ်ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ရွှေဘိုမြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားနည်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


