ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း သီရိသုဝဏ္ဏပညာခန်းမတွင် ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်း (Dip-EP) အမှတ်စဉ်(၁) သင်တန်းဆင်းများအား သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များ၌လစ်လပ်နေသည့် လက်ထောက်မူလတန်းပြ ရာထူးနေရာများသို့ ခန့်အပ်ခြင်းကြိုဆိုပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်သည်။
ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ အဆိုပါ ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးနှင့် သင်ပြနည်းဒီပလိုမာသင်တန်း အသစ်ခန့်ဆရာဆရာမ ၅၈ ဦးအား သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် လစ်လပ်နေသည့် လက်ထောက်မူလတန်းပြ ရာထူးနေရာများသို့ ခန့်အပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


