ရန်ကုန် ဩဂုတ် ၂
MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) တတိယနေ့ကို သြဂုတ် ၂ ရက်က ဗဟန်းမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပရာ ဟံသာဝတီယူနိုက်တက်အသင်းက Chinland အသင်းကို ငါးဂိုး-တစ်ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ဇယားအောက်ပိုင်းမှ နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းက ဂိုးပြတ်နိုင်ပွဲနှင့်အတူ တတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့သည်။ ဇယားအောက်ဆုံးမှ Chinland အသင်းသည် ၁၁ ပွဲ ဆက်တိုက်နိုင် ပွဲပျောက်ဆုံးခဲ့ပြီး တစ်မှတ်သာ ရယူထားနိုင်သည်။ ဟံသာဝတီယူနိုက်တက်အသင်း အတွက် အနိုင်ဂိုးများကို ၉၊ ၁၂၊ ၄၆ မိနစ်တွင် အောင်ဇော်ဦးက ဟက်ထရစ်၊ ၃၃ မိနစ်တွင် အောင်စံဖြိုးနှင့် ၆၄ မိနစ်တွင် ဆာအယ်ဗစ်က သွင်းယူပြီး Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုး ကို ၇၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် လွန်ရာဂင်က သွင်းယူသည်။
ယှဉ်ပြိုင်ကစားမည်
ပွဲစဉ်(၁၁) နောက်ဆုံးနေ့ကို သြဂုတ် ၃ ရက်တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-မောင်ညီ
ဓာတ်ပုံ-MNL


