“ဝ”အထူးဒေသ-၂ ရှိ မိုင်းမောမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

မိုင်းမော ဩဂုတ် ၂

 

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” အထူးဒေသ-၂ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မိုင်းမောမြို့နယ်တွင် ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန “ဝ” ကျန်းမာရေးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ဇူလိုင် ၃၀ ရက်က ဒေသခံတိုင်းရင်းသားပြည်သူ ၈၀၈ ဦးကို ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကုသမှုပေးရာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၁ ဦးကို HIV နှင့် ကာလသားရောဂါ၊ အသည်းရောင် အသားဝါဘီ/ စီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ ရှိ/မရှိ သွေးစစ်ဆေးပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၂၀၂ ဦးတို့အား တီဘီရောဂါ ရှိ/ မရှိ ဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်းနှင့် သလိပ်စစ်ဆေး၍လိုအပ်သော ကုသမှုများပေးခြင်း၊ ကလေး ၄၆၉ ဦး တို့ကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်