MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပ

ရန်ကုန် ဩဂုတ် ၂

၂၀၂၆ MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) ကို သြဂုတ် ၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ပြန်လည်ကျင်းပရာ ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် SGF Youth အသင်း နိုင်ပွဲဆက်ပြီး ဆက်လက်ဦးဆောင်နေသည်။

MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲကို ဇွန် ၁၄ ရက်တွင်ကျင်းပသည့် ပွဲစဉ်(၆) ပြီးကတည်းက တစ်လခွဲကျော်ကြာ ရပ်နားထားခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ပွဲစဉ်(၇)တွင် Pacific Sun Far အသင်းက ဘူရှီဒိုအသင်းကို ၁၃ ဂိုး-သုံးဂိုး၊ Jullniss အသင်းက FFU မင်းမဟော်အသင်းကို ခြောက်ဂိုး - ငါးဂိုး၊ Avengers Junior အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို လေးဂိုး - သုံးဂိုး၊ TKA Star အသင်းက မာရိန်းအသင်းကို ရှစ်ဂိုး - သုံးဂိုး၊ SGF Youth အသင်းက United City အသင်းကို ကိုးဂိုး - ငါးဂိုး၊ Victoria အသင်းက မဟာဘားမားအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ပွဲစဉ်(၇)အပြီးတွင် SGF Youth အသင်းက ၂၁ မှတ်ဖြင့် ဦးဆောင်နေပြီး  Victoria အသင်းက ၁၈ မှတ်၊   FFU မင်းမဟော်အသင်းက  ၁၅ မှတ်၊ Pacific Sun Far အသင်းက ၁၃ မှတ်၊ Mahar Burma အသင်းနှင့် Avengers Junior အသင်းတို့က ၁၂ မှတ်စီ၊ Jullniss အသင်းက ၁၀ မှတ်၊  United City အသင်းနှင့် TKA Star အသင်းတို့က ကိုးမှတ်စီ၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီရရှိထားသည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF