ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတံခွန်ရောင်း‌ဝယ်‌ရေး သမဝါယမအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်

ရန်ကုန် ဩဂုတ် ၂

 

သမဝါယမနှင့်‌ ကျေးလက် ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတံခွန်ရောင်း‌ဝယ်‌ရေး သမဝါယမ အသင်း၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက (၃၉) ရပ်ကွက် ဓမ္မသိဒ္ဓိဓမ္မာရုံ၌ ကျင်းပသည်။

 

 အမှာစကားပြောကြား

 

အစည်းအဝေးတွင် ရဲတံခွန် ရောင်း‌ဝယ်‌ရေးသမဝါယမအသင်း ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်နေခြည်‌နွေးနွေးသိမ့်တို့က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အသင်းအမှုဆောင်များက ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြပြီး အသင်းသားများအား အကျိုးဝေစုနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ အသင်းအမှုဆောင်များအား ဥပဒေနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

မြင့်မြင့်ရီ