ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးဆောင်ရွက်ရန် တရုတ်နိုင်ငံမှ တတိယအသုတ် ဆေးပညာကျွမ်းကျင်သူအဖွဲ့ ရောက်ရှိ

ကင်ရှာဆာ   ဩဂုတ်   ၂

ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတွင်ဖြစ်ပွားနေသည့် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဆေးပညာကျွမ်းကျင်သူများပါသည့်  တတိယအသုတ်  ဆေးအဖွဲ့သည်   ဩဂုတ် ၁ ရက်က ကင်ရှာဆာမြို့တော်သို့   ရောက်ရှိလာကြောင်း သိရသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံမှ ဆေးအဖွဲ့ရောက်ရှိလာခြင်းဖြင့် နိုင်ငံ၏ အီဘိုလာရောဂါကုသရေးနှင့် ဓာတ်ခွဲခန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေမှုများရှိလာမည် ဖြစ်ကြောင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ လူကူမာလ ဘိုမောရက်က  ပြောကြားသည်။ မိမိတို့ဆေးအဖွဲ့အနေဖြင့် အီဘိုလာ ရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  နည်းပညာအပါအဝင် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆေးပညာကျွမ်းကျင်သူအဖွဲ့ခေါင်းဆောင်  ယန်ဇီယိုချန်က  ပြောကြားသည်။          

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ