ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ကို စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒန်နီဝဲလ်ဘက်ဟာ ချယ်လ်ဆီးအသင်းသို့ နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အက်စ်တွန်ဗီလာအသင်းမှ မော်ဂန်ရော်ဂျာနဲ့ အတ္တလန္တာအသင်းမှ မာကို ပလက်စထရာတို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် တိုက်စစ်မှူးဒန်နီဝဲလ်ဘက်ဟာ ယခုအပြောင်းအရွှေ့ကာလအတွင်းမှာ ချယ်လ်ဆီးအသင်းခေါ်ယူခဲ့တဲ့ တတိယမြောက်ကစားသမားလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး ဝဲလ်ဘက်ဟာ ကစားသမားဘဝကို မန်ယူအသင်းနဲ့အတူ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်းဖြင့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ ဒန်နီဝဲလ်ဘက်ဟာ အင်္ဂလန်နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၄၂ ပွဲ ပါဝင် ကစားခဲ့ရာမှာ သွင်းဂိုး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်


