တောင်ကြီး ဩဂုတ် ၂
၂၀၂၆ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ကြိုဆိုပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဝင် အသင်းများက အသင်းအလိုက် မိတ်ဆက်ကြပြီး အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။
အဆိုပါပြိုင်ပွဲများ ကျင်းပသည့်ရက်များတွင် ပြိုင်ပွဲ ပွဲစဉ်များကို နေ့စဉ် နံနက် ၈ နာရီတွင် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)


