ရန်ကုန် ဩဂုတ် ၁
၂၀၂၅ ခုနှစ် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားရသည့် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) အဆောက်အအုံသစ်အား ပြန်လည်တည်ဆောက်လျက်ရှိသည်။
ငလျင်ဒဏ် ခံရပြီးနောက် အဆောက်အအုံပျက်စီးခဲ့ပြီး ဖြိုချရှင်းလင်းခြင်းများ ပြုလုပ်ကာ လက်ရှိအချိန်တွင် အဆောက်အအုံသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃၁ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြန်မာဘောလုံး အကယ်ဒမီ အဆောက်အအုံအားလာမည့် ၂၀၂၇ ပညာသင်နှစ်အမီ ဖွင့်လှစ် နိုင်ရန် စီမံဆောင်ရွက်နေသည်။ ကျောင်းသားဦးရေ ၁၀၀ ကျော် တက်ရောက်နိုင်မည့် အကယ်ဒမီ တည်ဆောက်မှု ကုန်ကျစရိတ် အနေဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းခန့်ရှိပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) မှ ဒေါ်လာ သုံးသိန်း (ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်း) ကူညီပံ့ပိုးမည်ဖြစ်ကြောင်း သိရ သည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MFF


