ပြည် ဩဂုတ် ၁
ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/ အမှတ် (၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ စတင်ပြေးဆွဲခြင်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ဘူတာ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်-ပြည်ရထားလမ်းပိုင်း အဆင့် မြှင့်တင်ပေးနိုင်ခဲ့ခြင်းနှင့် အမှတ် (၇၃) အဆန်/အမှတ်(၇၄)အစုန် အဖြစ် ခေတ်မီ DEMU ရထားတွဲ ဆိုင်းအသစ်များ ပြေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ခေတ်မီ DEMU ရထားတွဲဆိုင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စတင်ထွက်ခွာမည့် ခေတ်မီ DEMU ရထားစက်ခေါင်း ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေး၍ ရထားပေါ် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


