ဒလမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်

ဒလ ဇူလိုင် ၃၀ 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒလမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန သီရိဇေယျ နော်ရထာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)