ရန်ကုန် ဇူလိုင် ၃၀
MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၁) အဖြစ် ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်ယူနိုက်တက်နှင့် သစ္စာအားမာန်အသင်း၊ ရတနာပုံအသင်းနှင့် Falcon FC ၊ ရန်ကုန်စီးတီးနှင့် ဒဂုံစတားယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်များအနက် ရန်ကုန်ယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းပွဲစဉ်ကို YUSC ကွင်း၌လည်းကောင်း၊ ရတနာပုံနှင့် Falcon FC အသင်းပွဲစဉ်ကို ဗဟန်းကွင်း၌ လည်းကောင်း၊ ရန်ကုန်စီးတီးနှင့် ဒဂုံစတားယူနိုက် တက်အသင်းပွဲစဉ်ကို သီဟဒီပကွင်း၌လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပွဲစဉ် (၁၀) အပြီးတွင် အဆင့် (၂) မှ ရန်ကုန်ယူနိုက်တက်နှင့် အဆင့် (၃) မှ သစ္စာအားမာန်တို့သည် ရမှတ် ၂၁ မှတ်စီဖြင့် အမှတ်တူ ရပ်တည်နေကြသည်။
ထို့ကြောင့် ဇယားထိပ်ဆုံးမှ ISPE အသင်း (၂၃ မှတ်) ကို ဖိအားပေးနိုင်ရန် နှစ်သင်းစလုံး အနိုင် ၃ မှတ်ရရှိရေး အစွမ်းကုန် ကြိုးစားလာမည်ဖြစ်ပြီး အနိုင်ရရှိသည့် အသင်းသည် ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁)နေရာသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ယနေ့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ်များအနက် ရန်ကုန်ယူနိုက်တက် နှင့် သစ္စာအားမာန်တို့ပွဲစဉ်သည် အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ဖြစ်ပြီး လက်ရှိအဆင့် (၄)နေရာမှ ဒဂုံစတားယူနိုက်တက် အသင်းကလည်း ရမှတ် ၂၂ မှတ်ဖြင့် အုပ်စုအဆင့်တက်ရောက်နိုင်ရန် အမှတ်ပြည့်ရရှိအောင် ပိုမို ကြိုးစားလာမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MNL


