ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် မျက်စိအမြင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများသည် ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးကာ ကျောင်းသား ကျောင်းသူများအား သွားကျန်းမာရေး၊ တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျ သွားတိုက်နည်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


