ကျောက်ဆည်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေး

ကျောက်ဆည် ဇူလိုင် ၃၀

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမ၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။ 

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ကလေးများမီးသတ်ဆေးဘူးများသုံးတတ်ရန်၊ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အား အကူအညီပေးနိုင်ရန်၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)