အေးသာယာ ဇူလိုင် ၃၀
ရွှေညောင်-ညောင်ရွှေ လမ်း ရေကျော်မှုဖြစ်ပွားလေ့ရှိသည့် နေရာများအား လမ်းတာပေါင် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ၂၈ ပေ အကျယ် ဒုအခြေခံလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့သွားရောက် ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့ပြင် အေးသာယာမြို့ အမှတ်(၉) ရပ်ကွက်ရှိ အတက်အဆင်း မတ်စောက်သည့် မြေသားလမ်းကို ရပ်ကွက်နေပြည်သူများ လမ်းအသုံးပြု သွားလာရာတွင် အခက်အခဲမရှိစေရန် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြီးစီးခဲ့သည့် အေးငြိမ်းသီတာလမ်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


