ဥတ္တရသိရီမြို့နယ် ပန်းတင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

ဥတ္တရသီရိ ဇူလိုင် ၂၉

 

နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျှော့ချစေရန်ရည်ရွယ်၍ မိုးစွေကျေးရွာအုပ်စု ပန်းတင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပန်းတင်ကျေးရွာ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်းက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁၆၀၀၀၀၀ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ်၊ ပန်းတင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးကို ငွေကျပ် ၆၇၅၀၀၀၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦးကို ငွေကျပ် ၂၃၂၅၀၀၀၀ နှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃၃ ဦးကို ငွေကျပ် ၂၁၆၀၀၀၀၀ နှင့် အသင်းသား အသင်းသူ စုစုပေါင်း ၈၄ ဦးကို မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းအပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၁၆၀၀၀၀၀ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)