ဖျာပုံမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်

ဖျာပုံ ဇူလိုင် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီက ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ခင်ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ချောင်းတွင်းကျေးရွာရှိ အိမ်ထောင်စု ၅၀ ၏ မြေငှားဂရန်များအား ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)