ကွမ်းခြံကုန်း ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်၂၇ရက်က ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာ အမက၌ ကျင်းပသည်။
ဦးစွာ ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးက ခွေးရူးရောဂါဖြစ်နေကြောင်း ခွဲခြားသိနိုင်သည့် အကြောင်းအရာများနှင့် သတိပြုလိုက်နာရမည့်အကြောင်း အရာများကို ဟောပြောသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)


