တပ်ကုန်းမြို့၌ အသက် (၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တပ်ကုန်း   ဇူလိုင်   ၂၉

နေပြည်တော် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား  အသက် (၄၀) နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို   ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် ရဲတပ်ဖွဲ့ MPF (FC) အသင်းနှင် လျှပ်စစ် ESD (FC) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရဲတပ်ဖွဲ့ MPF (FC) အသင်းက လျှပ်စစ် ESD (FC) အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် ဗိုလ်စွဲခဲ့သည်။

ပထမဆုရရှိသည့်  ရဲတပ်ဖွဲ့ MPF (FC) အသင်း၊ ဒုတိယဆုရရှိသည့် လျှပ်စစ် ESD (FC)အသင်း၊ တတိယဆုရရှိသည့် ထွေအုပ် King United (FC) အသင်းနှင့် နှစ်သိမ့်ဆုရရှိသည့် စည်ပင် CGS (FC) အသင်းတို့၏ အားကစားသမားများအား   ဆုတံဆိပ်နှင့်   ဆုငွေများနှင့်   ပြိုင်ပွဲများတစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုး၊ အားကစား သမားအကောင်းဆုံးဆုတို့ကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သူ နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                   

တင်စိုးလွင်