ပေကျင်း ဇူလိုင် ၂၉
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားအားသွင်းရုံ အခြေခံအဆောက်အအုံအရေအတွက်သည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် အလျင်အမြန် မြင့်တက်လာခဲ့ပြီး ဇွန်လကုန်တွင် စုစုပေါင်းအားသွင်းစက်ရုံ ၂၃ ဒသမ ၀၆ သန်းအထိ ရောက်ရှိခဲ့ကာ ယခင်နှစ်ထက် ၄၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
နိုင်ငံအတွင်း အများပြည်သူသုံး လျှပ်စစ်အားသွင်းရုံ ငါးသန်းကျော်ရှိပြီး ယခင်နှစ်ထက် ၂၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပုဂ္ဂလိက အားသွင်းစက်ရုံအရေအတွက် ၁၈ ဒသမ ၀၅ သန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အဝေးပြေးလမ်းမကြီးများပေါ်တွင် ပျမ်းမျှနေ့စဉ်အားသွင်းမှု ပမာဏမှာ ၁၈ ဒသမ ၉၉ သန်း ကီလိုဝပ်နာရီအထိ ရောက်ရှိခဲ့ပြီး ယခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်ကာလကထက် ၁၄ ဒသမ ၀၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ခရိုင်နှင့် မြို့နယ်များရှိ အားသွင်းကွန်ရက် အားကောင်းလာခဲ့ပြီး ဇွန်လကုန်တွင် ခရိုင်အဆင့် လွှမ်းခြုံမှုသည် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


