သထုံမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

သထုံ ဇူလိုင် ၂၆

မွန်ပြည်နယ် သထုံမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက ကျေးရွာမြေငှားဂရန် ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေး၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးတို့က လေးတိုင်ကျေးရွာမှ ပြည်သူ ၃၂ ဦးတို့ထံ ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)