ကျောင်းကုန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ စက်လှေဆိပ်တွင် မီးသတ်ဦးစီးဌာနနှင့် ရေယာဉ်အသင်းတို့ပူးပေါင်း၍ ရေဘေးအန္တရာယ်ကာကွယ်ရေး အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရေယာဉ် အသင်းဥက္ကဋ္ဌ ဦးဝင်းတင်တို့ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားလာပါက မော်တော်ယာဉ်နှင့် စက်လှေများပေါ်တွင် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်းများ အသင့်ထားရှိနိုင်ရေးနှင့် ပြည်သူများအသက်ကယ်အင်္ကျီဝတ်စုံများ စနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရေး လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


