မြဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မြဝတီ ဇူလိုင် ၂၃

 

မြဝတီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၄) ရပ်ကွက် အခြေခံပညာမူလတန်း (လွန်)မြေနီကုန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ပြောကြားသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် UIDကတ်များ မရှိသေးသော အသက်(၁၀)နှင့်အထက် ကျောင်းသား ကျောင်းသူ ၇၅ ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)