ရန်ကုန် ဇူလိုင် ၁၉
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုင်ရာ မြေယာဥပဒေများနှင့်ပတ်သက်ပြီး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဟိုတယ်၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလူဟန်၊ မြန်မာအပြည်ပြည်ဆိုင်ရာ အနုညာတ ခုံရုံးအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျူးခေါင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အငြိမ်းစားအရာရှိ ဦးနေထက်အောင်တို့က အိမ်ခြံမြေ စျေးကွက်အတွင်း ဘိုးဘွားပိုင်မြေနှင့် ပတ်သက်ပြီး အမွေဆက်ခံပိုင်ခွင့် အကြောင်းအရာများ၊ ဂရန်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် အငြင်းပွားဖွယ်ရာ ကိစ္စများရှိလာပါက ဥပဒေရှုထောင့်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကျော်


