ရန်ကုန် ဇူလိုင် ၁၉
လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် တရားဥပဒေစိုးမိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ဦးဆောင်ဆွေးနွေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်မို့မို့လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းဇော်ထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခန့်ဝေ တို့က ရပ်ရွာသန့်ရှင်းရေး၊ ရေစီး ရေလာကောင်းမွန်ရေး၊ ပြည်သူများ အေးချမ်းစွာနေထိုင်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ပြည်သူများက မိမိတို့ရပ်ကွက်အတွင်း လုပ်ဆောင်ပေးနေမှုများကို ပြောကြားခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်


