18”  Export Pipeline တစ်လျှောက် Subsea Inspection  လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်၍ ရေကြောင်းသတိပေး

နေပြည်တော် ၁၈  မတ် 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် 18” Export Pipeline တစ်လျှောက် Subsea Inspection  လုပ်ငန်းများအား MV.MEO RESOLUTION (Call Sign : JZPL) ရေယာဉ်ဖြင့် Pipeline Start Point (ZPQ). မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၇ ဒသမ ၇၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၄၇ ဒသမ ၀၃ စက္ကန့်၊ End Point. မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၇ မိနစ် ၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ် ၀၀ စက္ကန့် တွင် (၁၁.၄.၂၀၁၉)ရက်နေ့မှ (၂၆.၄.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁၁.၄.၂၀၁၉)ရက်နေ့မှ (၂၆.၄.၂၀၁၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေ စဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ ပိုက်လိုင်းတစ်လျှောက် ဘေး ဘယ်/ညာ မီတာ ၅၀၀ အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)