Futsal Champion Cup 2025 ပြိုင်ပွဲ အုပ်စု (A)နှင့် (B)ပွဲစဉ်များ ကျင်းပပြီးစီး

ရန်ကုန်   ဇူလိုင်   ၁၅

Futsal Champion Cup 2025 ပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို  ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ သု၀ဏ္ဏ ကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပရာ  အုပ်စု(A)နှင့် (B)ပွဲစဉ်များ ကျင်းပပြီးစီး သွားပြီဖြစ်သည်။

အုပ်စုပွဲစဉ်များတွင်  မလိကြယ်စင်အသင်းက     ဖူဆယ်ချစ်သူအသင်းကို   နှစ်ဂိုး-တစ်ဂိုး၊      M2K    အသင်းက Maryar Noka   အသင်းကို    ငါးဂိုး-သုံးဂိုး၊ VUC  အသင်းက  JZ   Yangon   အသင်း ကို  ၁၂  ဂိုး-တစ်ဂိုး၊  MIU  အသင်းက Pacific Sun Far   အသင်းကို  ငါးဂိုးပြတ်၊ 7 Brother အသင်းက ULAD အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး 7 Dragon အသင်းနှင့် ပြည့်ကြီးအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

အုပ်စု(A)ပွဲစဉ်များအပြီးတွင်  JZ Yangon အသင်းက ခြောက်မှတ် ဖြင့် အုပ်စုပထမ၊ VUC အသင်းက ငါးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ပြည့်ကြီးအသင်းနှင့် 7 Dragon အသင်းတို့က နှစ်မှတ်စီ ရရှိထားသည်။ အုပ်စု (B) တွင် MIU အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ 7 Brother အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့်တက်ရောက်ပြီး Pacific Sun Far အသင်းက သုံးမှတ်နှင့် ULAD အသင်းက အမှတ်မရခဲ့ပေ။ ပြိုင်ပွဲကို အုပ်စုခုနစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်းမှာ ရှုံးထွက်အဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF