ချောင်းဦးမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ချောင်းဦး      ဇူလိုင်     ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၁၃ ရက်က ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီးများနှင့် မြို့နယ်ဆေးရုံမှ သူနာပြုများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံမှု အနေဖြင့် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ပထမအကြိမ် First Dose ၂၈၃ ဦး၊ Second Dose ၂ ဦး၊ အသက် ၁၂ နှစ်နှင့် အသက် ၁၈ နှစ်ကြား First Dose ၇၀ ဦး၊ First Booster Dose ၄၁ ဦး၊ Second Booster Dose ၅ ဦး စုစုပေါင်း ၄၀၁ ဦးအား Sinopham အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)