တမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနားကျင်းပ

mdn

ရန်ကုန် ၁၆ နိုဝင်ဘာ

 

အဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ ကျင်းပသည့်တမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ M3 Food Center ၌ ကျင်းပသည်။

           

အခမ်းအနားတွင် အဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ ဟာဖီဇ် ဦးမောင်မောင်ခင်က ကုရ်အာန်ကျမ်းစာကို ရွတ်ဖတ်ပြီး ဦးဇာနည်မင်းအောင်နှင့်အဖွဲ့က တမန်တော်မြတ် မိုဟမ္မဒ်သခင်၏ ဂုဏ်တော်ချီးမွမ်းခြင်း ဓမ္မတေးကဗျာကို သီဆိုကြသည်။

 

ထို့နောက် သသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားသည်။

 

ယင်းနောက် အဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ ဘဏ္ဍာရေးတာဝန်ခံ ဦးတင်မောင်လတ်က လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအတွက် တမန်တော်မြတ် မိုဟမ္မဒ်သခင်၏ စံနမူနာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ဟိန္ဒူဘာသာဝင် ဆရာဦးဆန်းမင်းနိုင်၊ ဝနဝါသီ တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမန၊ သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်းနှင့် ဘဟာအီသာသနာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆရာဦးရွှေသီးတို့က တမန်တော်မြတ် မိုဟမ္မဒ်သခင်နှင့်စပ်လျဉ်း၍ ၎င်းတို့၏အမြင်များကို ဆွေးနွေးပြောကြားကြသည်။

 

ထို့နောက် မေတ္တာရှင် တမန်တော်မြတ် မိုဟမ္မဒ်သခင် ရုပ်သံမှတ်တမ်းကို ပြသကာ အဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ ဦးလှမြင့်က အစ္စလာမ် တမန်တော်မြတ် တည်ဆောက်ခဲ့သည့် လူ့အခွင့်ရေးနှင့် အကြွင်းမဲ့တရား မျှတမှုခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

 

သတင်းစဉ်