အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ လေးဦးသေဆုံး
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ခေါင်မိုးပြိုကျသဖြင့် ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။






