အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ တရုတ်နိုင်ငံထက် ပိုများလာ
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံထက် ပိုများသွားကြောင်း သိရပါတယ်။ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄၂၇ ဦးရှိကြောင်း သိရတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၃,၄၀၅ဦးသွားဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ရာ တရုတ်နိုင်ငံမှာတော့ သေဆုံးသူ ၃,၂၄၅ဦး ရှိပြီး အများစုမှာ အသက်ကြီးသူတွေဖြစ်ကြောင်း သိရပါတယ်။








