အူရီဒူးမြန်မာမှ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံ ကူညီဖြည့်ဆည်းပေးခဲ့
အူရီဒူးမြန်မာက ၁ မိနစ် ဖုန်းပြောတိုင်း ၁ ကျပ် လှူဒါန်းပေးမှု အစီအစဉ် ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည့် “ပညာကြွယ်ဝလူမှုဘဝ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။






