သံတောင်ကြီးမြို့နယ်တွင် ကော်ဖီ ဧက ၅၀ဝ၀ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကော်ဖီ ဧက ၅၀ဝ၀ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်က စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။

 

 

ဆွေးနွေးပွဲတွင် သံတောင်ကြီးမြို့နယ်၌ ကော်ဖီ ဧက ၅၀ဝ၀ တိုးချဲ့စိုက်ပျိုးရေး၊ ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သံတောင်ကြီးဒေသအား အော်ဂဲနစ်ဇုန်အဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပြီး ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်မှ သံတောင်ကြီးဒေသ စိုက်ပျိုးသီးနှံများ အရည်အသွေး တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကော်ဖီသီးနှံနှင့်  အခြားထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

 

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကော်ဖီစိုက် တောင်သူများ၊ ကော်ဖီအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ချဉ်ပေါင်ဖာလာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

 

(မြို့နယ် ပြန်/ဆက်)