SME ဌာနနှင့် Vision Fund Myanmar တို့ ပူးပေါင်း၍ MSMEs စီးပွားရေးလုပ်ငန်းရှင်များအား ငွေချေးမည် 

မန္တလေး ၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ SME ဌာနနှင့် Vision Fund Myanmar တို့ ပူးပေါင်း၍ MSMEs စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းရင်းနှီးမြှုပ်နှံရန် လိုအပ်သော ငွေကြေးအရင်းအနှီးများကို ယခုလအတွင်း ချေးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များကို အရောင်းအဝယ်ချေးငွေ၊ လုပ်ငန်းအရင်း အနှီးနှင့် စီးပွားရေးတိုးတက်ကြီးထွားလာစေရန်ချေးငွေ၊ လုပ်ငန်းအရင်းအနှီးတိုးချဲ့ရန်အတွက် အတိုးကြီးကြွေးမြီများ ၊ အသေးစား တစ်နိုင်တစ်ပိုင်နည်းပညာနှင့် လုပ်ငန်းအထောက်အကူပြုချေးငွေ၊ လုပ်ငန်းအရင်းအနှီးနှင့် ထုတ်လုပ်မှုအရည်အသွေး တိုးတက်လာစေရန် ချေးငွေ စသည့်ချေး ငွေအမျိုးအစားများကို ထုတ်ချေးပေးမည် ဖြစ်သည် ။ချေးငွေထုတ်ချေးမည့်ပမာဏ မှာ ငွေကျပ်သိန်း ၃၀ မှ သိန်း ၁၀ဝ ထိဖြစ်ကြောင်း သိရသည်။

 

ချေးငွေရယူမည့် MSMEs စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အသက် ၂၅ နှစ်မှ ၇၀ အတွင်းရှိသူ၊ သက်ဆိုင်ရာမြို့နယ် အတွင်း အတည်တကျနေထိုင်သူ၊ လုပ်ငန်းသက်တမ်းအနည်းဆုံးနှစ်နှစ်ရှိသူ၊ ခင်ပွန်း (သို့)ဇနီး၊ အတူနေမိဘများက သိရှိသဘောတူတာဝန်ယူကြောင်း လက်မှတ်ရေးထိုးပေး နိုင်သူဖြစ်ရမည်ဖြစ်သည်။

 

ထို့ပြင် အိမ်ထောင်စု တစ်ခုတွင် တစ်ဦးသာ ချေးငွေလျှောက်ထား ခွင့်ရှိကာ ချေးငွေလျှောက်ထားရာတွင် အာမခံမည့်သူ အနည်းဆုံးတစ်ဦးလိုအပ်ကြောင်း သိရသည်။

 

 Vision Fund Myanmar မှ ချေးငွေများအကြောင်း သိကောင်းစရာများ ရှင်းလင်း ပြောကြားခြင်းကို စိတ်ပါဝင်စားသူများအနေ ဖြင့် ဖုန်းဝ၂-၄၀၃၉၅၇၃၊ ဝ၂-၄၀၆၈၂၁၀ တို့သို့ ဆက်သွယ်၍ မေးမြန်းစာရင်းပေးနိုင် ကြောင်း အဆိုပါဌာနမှ သိရသည်။

 

သူရိန်လင်း