ရန်ကုန်ဆန်ဈေးကွက် ဆန်ချော၊ ဆန်ကြမ်း ဈေးအတက်အကျမရှိကြောင်းသိရ

mdn

နေပြည်တော် ၅ ဇန်နဝါရီ

 

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအသစ်များဖြစ်တဲ့ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ ကျိုက်လတ်ပေါ်ဆန်း စတဲ့ဆန်ဈေးများ အတက်အကျမရှိကြောင်း သိရပါတယ်။ ဝါးတန်း ကုန်စည်ဒိုင်ရဲ့ ဆန်လက်ကား ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း ထိပ်စတစ်အိတ် ကျပ် ၃၃၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၂၀ဝ၀၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်း ထိပ်စတစ်အိတ် ကျပ် ၃၄၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝ၀၊ နယ်စုံကျိုက်လတ် ထိပ်စတစ်အိတ် ကျပ် ၃၀ဝ၀ဝ နဲ့ လတ်စတစ်အိတ် ကျပ်၂၈၅၀ဝ အသီးသီးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပေါ်ဆန်းအသစ် တစ်အိတ် ကျပ် ၂၇၀ဝ၀ မှ ကျပ်၂၈၅၀ဝ  ရှိပြီး တစ်အိတ်ကို ကျပ်  ၁၀ဝ၀ ခန့်အထိ ဈေးကျကြောင်း သိရပါတယ်။  ကျားပျံ အသစ်ကတော့   တစ်အိတ်ကို ကျပ် ၃၀ဝ၀ဝ မှ ကျပ် ၃၃၀ဝ၀ ဖြစ်ပြီး ယခင်တစ်ပတ် ဈေးအတိုင်း     မပြောင်းလဲကြောင်း သိရပါတယ်။

 

ဧည့်မထဆန်၊ ငစိန်ဆန်၊ မိုးသုခဆန်စတဲ့ ဆန်ကြမ်းများလည်း ဈေးငြိမ်နေကြောင်း သိရပါတယ်။ ဧည့်မထဆန် ထိပ်စတစ်အိတ် ကျပ် ၂၃၅၀ဝ နဲ့ လတ်စတစ်အိတ် ကျပ် ၂၀၅၀ဝ၊ နွေသီးထပ်ရှယ် တစ်အိတ် ကျပ် ၂၅၀ဝ၀ မှ ကျပ် ၂၇၀ဝ၀၊ နွေဆန် ရက် ၉၀ တစ်အိတ် ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၇၀ဝ၀၊ ဧည့်မထ ၂၅ မှတ် တစ်အိတ် ကျပ် ၁၈၅၀ဝ မှ ကျပ် ၁၉၀ဝ၀၊  ငစိန်အသစ် တစ်အိတ် ကျပ် ၁၈၀ဝ၀ မှ ကျပ် ၁၈၅၀ဝ၊ မိုးသုခ တစ်အိတ် ကျပ် ၂၅၅၀ဝ မှ ကျပ် ၂၆၀ဝ၀ အသီးသီးရှိကြပြီး    ဈေးငြိမ်နေကြောင်း သိရပါတယ်။ ဆန်ကြမ်းအသစ်(ရှယ်) တစ်အိတ် ကျပ် ၂၀၇၀ဝ မှ ကျပ် ၂၁၀ဝ၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀ဝ ခန့်ဈေးကျလျက်ရှိပါတယ်။ ရက် ၉၀ အသစ်ကတော့ တစ်အိတ်ကို ကျပ် ၂၃၅၀ဝ မှ ကျပ် ၂၄၀ဝ၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀ဝ ခန့်ဈေးတက်လျက်ရှိကြောင်း သိရပါတယ်။

 

ယခုတစ်ပတ် မူဆယ်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ် ၁၃၇ ယွမ်မှ ၁၃၉ ယွမ်၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ် ၁၃၁ ယွမ်မှ ၁၃၂ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၃၃ ယွမ်မှ ၁၃၄  ယွမ်၊  ဧည့်မထ ၁၀ မှတ် စူပါတစ်အိတ် ၁၂၈ ယွမ်မှ ၁၂၉ ယွမ်၊ သုခ ၁၅ မှတ် တစ်အိတ် ၁၂၁ ယွမ် မှ ၁၂၂ ယွမ်၊ သုခ ၂၅ မှတ်တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၇ ယွမ်၊ ငစိန် ၅မှတ်တစ်အိတ် ၁၂၃ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန်၂၅မှတ် တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၇ယွမ်ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရပါတယ်။ မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ၄၅၅၀၅တန်ရှိပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန် ရှိကြောင်းသိရပါတယ်။  ဒီဇင်ဘာ ၂၉ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၂၀၄ ကျပ် ဈေးပေါက်ကြောင်း မူဆယ်မှသိရပါတယ်။

 

Credit> www.commerce.gov.mm