ရင်းနှီးမြုပ်နှံမှုများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်  ၂၈   ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim ဦးဆောင်သောအဖွဲ့အား အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမ၌ တွေ့ဆုံသည်။    

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စများတွင် မလေးရှားနိုင်ငံရှိ INGOအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အတွင်း မလေးရှားနိုင်ငံမှကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတွင် ပြုလုပ်မည့် Rakhine Investment Fair တွင် ပူးပေါင်း ဆောင်ရွက် သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)